Summary
ဒီဇာတ်လမ်းဟာ မင်မင်းဆက်ကို နောက်ခံထားပြီး တရုတ်မသေမျိုးကျင့်ကြံသူတွေနဲ့ ဂျပန်ဓားပြတွေ၊ နင်ဂျာတွေကြားက ပြင်းထန်တဲ့ စစ်ပွဲကို အဓိကထား ရိုက်ကူးထားတာပါ။ အဓိက ပဋိပက္ခတွေကတော့ ဂျပန်ခေါင်းဆောင် ဖေးယွမ်နဲ့ ကျိုးလုံ (နဂါးကိုးကောင်) တို့က ဟန်ကျိုးမြို့ကို သိမ်းပိုက်ဖို့ ကြိုးစားရာကနေ စတင်ထားပါတယ်။စိတ်မကောင်းစရာအကောင်းဆုံးကတော့ အိုမေ့ဂိုဏ်းချုပ် ဆရာမကြီးရဲ့ အနစ်နာခံမှုပါပဲ။ ဆရာမကြီးဟာ ဖျားနာနေတဲ့ကြားကနေ သူ့ရဲ့နောက်ဆုံးထွက်သက် စွမ်းအင်ကိုသုံးပြီး ဂျပန်တွေရဲ့ ယမ်းမှုန့်တွေ၊ ခံစစ်တွေကို ဖျက်ဆီးပစ်ခဲ့ပါတယ်။ သူမမသေခင်မှာ တပည့်ဖြစ်သူ ဝမ်မေကို အိုမေ့ဂိုဏ်းချုပ်ရာထူး ဆက်ခံဖို့ တာဝန်လွှဲပြောင်းပေးခဲ့တဲ့ အခန်းဟာ တော်တော်လေး လေးနက်ပါတယ်။စစ်သူကြီး ချီကျိကွမ်ရဲ့ စစ်ကူတပ်တွေ အချိန်မီရောက်လာတာရယ်၊ ယန်ရှု တို့လို ကျင့်ကြံသူ သူရဲကောင်းတွေရဲ့ အစွမ်းတွေရယ်ကြောင့် ဂျပန်တပ်တွေ အကျအဆုံးများပြီး ဟန်ကျိုးမြို့ကို မသိမ်းပိုက်နိုင်ဘဲ ဆုတ်ခွာခဲ့ရပါတယ်။တကယ်ကောင်းမွန်တဲ့ ဇာတ်လမ်းလေးတစ်ပုဒ်ပါ။