Summary
မင်မင်းဆက်ရဲ့ မိဖုရားခေါင် ရှန့်နန်ခယ်တစ်ယောက် ယောကျာ်းဖြစ်သူရဲ့ သားလက်ချက်နဲ့သေဆုံးခဲ့ရပြီးနောက် မော်ဒန်ခေတ်သို့ ပြန်လည်၀င်စားခဲ့ပါတယ်။လက်ရှိခေတ်မှာလည်း သူနဲ့ နာမည်တူဖြစ်တဲ့ ရှန့်နန်ခယ်လို့ခေါ်တဲ့ အူတူတူအတတကောင်မလေးဆီပြန်၀င်စားခဲ့တာပါ။နျဲ့မိသားစုအပေါ်တင်နေတဲ့ကျေးဇူးကြွေးတွေကြောင့် နျဲ့မိသားစုခေါင်းဆောင် နျဲ့ကျွင်းယီနဲ့လက်ထပ်ဖို့ဖြစ်လာခဲ့ပါတယ်။ပြဿနာက နျဲ့ကျွင်းယီမှာ ကလေးနှစ်ယောက်ပါလာခဲ့တာပါ။ရှန့်နန်ခယ်တစ်ယောက် ဒီတစ်ခေါက်ကော လင်ပါကလေးတွေလက်ချက်နဲ့သေဆုံးသွားဦးမလား။ဒါမှမဟုတ် စနစ်ရဲ့အကူအညီနဲ့ ကလေးတွေကို နည်းစနစ် မှန်မှန်ပျိုးထောင်ပြီး မိထွေးကောင်းတစ်ယောက်အဖြစ် နေထိုင်သွားမလားဆိုတာကတော့?