Summary
အမတအဖြစ်အဆင့်တက်ဖို့ ကြိုးစားနေတဲ့ ကောင်းကင်မျို နတ်ဆိုးအရှင်တစ်ယောက် မိုးကြိုးကပ်ဘေးကို မကျော်ဖြတ်နိုင်ဘဲ ဂူထျန်းလို့ခေါ်တဲ့ ခြေထောက်မသန်စွမ်းတဲ့သူအဖြစ် ပြန်၀င်စားသွားပါတယ်။ကောင်းကင်ရဲ့တာအိုဆန္ဒအရ နတ်ဆိုးအရှင်ဟာ ဂူထျန်းအဖြစ် လူ့ဘောင်ကပ်ဘေးကို ဖြတ်ကျော်ရမှာပါ။ဂူထျန်းဆိုတဲ့လူဟာ မသန်စွမ်းဖြစ်တဲ့အပြင် သူ့ဇနီးဖြစ်တဲ့ စစ်သူကြီး အိုရန်ကျုံးကို အမြဲအခက်အခဲဖြစ်စေတဲ့ အသုံးမကျတဲ့သူသက်သက်ပါ။သို့ပေမယ့် နတ်ဆိုးအရှင်ဟာ ဂူထျန်းအဖြစ်ပြန်လည်၀င်စားပြီးနောက် သူ့ဇနီးတဖြစ်လဲအိုရန်ကျုံးကို ဘယ်လိုမျိုး ကူညီပေးသွားမလဲ?အိုရန်ကျုံးကကော သူ့ယောကျာ်းက အင်မော်တယ်သခင်တစ်ယောက်ဆိုတာကို သိသွားမလားဆိုတာ?