Summary
အဓိကဇာတ်ဆောင်မိန်းကလေး မန်ရီကျိန်း (ရှောင်ကျိန်း) ဟာ ချင်မိသားစုက ဩဇာအာဏာကြီးမားတဲ့ ညီအစ်ကိုနှစ်ယောက်ကြားမှာ မြေစာပင်ဖြစ်ခဲ့ရပါတယ်။အစ်ကိုကြီးဖြစ်သူ ပထမသခင်လေး ချင်ရှောင် ဟာ အပေါ်ယံမှာ ယဉ်ကျေးသိမ်မွေ့တဲ့ လူကြီးလူကောင်းပုံစံ ဖမ်းထားပေမယ့် တကယ်တမ်းကျတော့ သူမဖခင်ကို ကိုယ်တိုင်သတ်ခဲ့တဲ့ ရက်စက်ပြီး သွေးအေးတဲ့ လျှို့ဝှက်ရေးဌာနမှူး (ဗီလိန်)ဖြစ်နေပါတယ်။ဆန့်ကျင်ဘက်အနေနဲ့ ညီဖြစ်သူ ဒုတိယသခင်လေး ချင်လဲ့ ဟာ မြေအောက်ဂိုဏ်းချုပ်ဖြစ်ပြီး အကြမ်းပတမ်းနိုင်တယ်၊လူဆိုးကြီးလို့ ထင်ရပေမယ့် တကယ်တမ်း သူမကို အချစ်စစ်နဲ့ ချစ်မြတ်နိုးပြီး အနောက်ကနေ အသက်စွန့် ကာကွယ်ပေးနေတဲ့သူပါ။ လျှို့ဝှက်ချက်တွေ ဖော်ထုတ်ခံရတာ၊ အတိတ်မေ့သွားတာ၊ ရက်စက်တဲ့ နှိပ်စက်မှုတွေနဲ့ အသက်လုပြေးရတာတွေက ရင်တထိတ်ထိတ်နဲ့ ကြည့်ရမယ့် ဇာတ်လမ်းတစ်ခုပါ။”Bad Boy” လိုလိုနဲ့ တကယ့်အချစ်စစ်ဖြစ်နေတဲ့ ဒုတိယသခင်လေး ချင်လဲ့ ရဲ့ အချစ်က ကြည့်ရသူကို ရင်ခုန်စေပါတယ်။ ချစ်ရက်နဲ့ ကြမ်းတမ်းစွာ ဖုံးကွယ်ရတာ၊ အစ်ကိုဖြစ်သူလက်ထဲကနေ ကယ်တင်ဖို့ ကြိုးစားရတာတွေက အရမ်းကို Touching ဖြစ်စေပါတယ်။ ရိုးရိုး အချစ်ဇာတ်လမ်းသက်သက်မဟုတ်ဘဲ နိုင်ငံနဲ့ ယုံကြည်ချက်အတွက် အသက်စွန့်သွားတဲ့ မြေအောက်တော်လှန်ရေးသမားတွေရဲ့ (မိဘတွေရဲ့) စိတ်ဓာတ်ကိုပါ ထည့်သွင်းထားပါတယ်။ အချစ်၊ အမုန်း၊ သစ္စာဖောက်မှု၊ နိုင်ငံရေးပရိယာယ်နဲ့ မျိုးချစ်စိတ်ဓာတ်တို့ကို အချိုးကျကျ ပေါင်းစပ်ထားပြီး ဇာတ်ကောင်တွေရဲ့ ခံစားချက်ကို အပြည့်အဝပေးစွမ်းနိုင်တဲ့ Masterpiece ဇာတ်လမ်းကောင်းတစ်ပုဒ်လို့ သုံးသပ်ချင်ပါတယ်။ Action နဲ့ Romance ကို အကြမ်းစား ခံစားချင်သူတွေအတွက် လက်မလွှတ်သင့်တဲ့ ဇာတ်ကားမျိုးပါ။